လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
ယောဘဝတ္တု။ 16:19 - Common Language Bible ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။ Garrad Bible ယ ခု ပင် ငါ့ သက် သေ သည် ကောင်း ကင်၌ ရှိ၍၊ သာ ဓ က လည်း ဘ ဝဂ် ဝယ် ရှိ တော် မူ၏။ Judson Bible ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ်မှာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။ |
လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
ထာဝရဘုရားအားထောမနာပြုကြလော့။ အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။
သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့ အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။
သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-
ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။-
ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
သင်တို့သိသည်အတိုင်းငါတို့သည်အဘယ် အခါ၌မျှမြှောက်ပင့်၍မပြော။ ငါတို့ လောဘရှိ၍ဟန်ဆောင်သောစိတ်နှင့်မကြေ ညာမဟောပြောကြောင်းကို ဘုရားသခင် သည်ငါတို့သက်သေဖြစ်တော်မူ၏။-
ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊ လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။