ယောဘဝတ္တု။ 14:6 - Common Language Bible မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။ Garrad Bible သူ ရင်း ငှား ကဲ့ သို့ နေ့ တာ ရက် တာ၌ မွေ့ လျော် ရ စေ ရန်၊ လူ ကို ရှု ကြည့် တော် မ မူ ဘဲ နား နေ ပါ လေ စေ။ Judson Bible မျက်စိတော်ကိုလွှဲ၍ လူသည်သူငှားကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း သူရင်းငှားကဲ့သို့ သူသည် တစ်နေ့တာကုန်ဆုံးပြီးနောက် အနားယူအပန်းဖြေရမည့်အကြောင်း သူ့ထံမှမျက်နှာလွှဲ၍ တစ်ဦးတည်းနေစေတော်မူပါ။ |
သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။
ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန် ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။
ယခုအခါထာဝရဘုရားက``သုံးနှစ်တိ တိရှိသောအခါ မောဘပြည်၏စည်းစိမ်ဥစ္စာ များသည်ကွယ်ပျောက်သွားလိမ့်မည်။ မြောက် မြားစွာသောပြည်သူတို့အနက်မှလူ အနည်းငယ်သာလျှင် အသက်မသေဘဲ ကျန်ရှိလိမ့်မည်။ သူတို့သည်လည်းအားအင် ချည့်နဲ့၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။