တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
ယောဘဝတ္တု။ 13:9 - Common Language Bible သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ Garrad Bible စီ စစ် တော် မူ ခြင်း ကို ခံ ရ ကြ လျှင်၊ သင် တို့၌ အ ကျိုး ရှိ မည် လော။ လူ ချင်း လှည့် စား သ ကဲ့ သို့၊ ကိုယ် တော် ကို လှည့် စား ကြ မည် လော။ Judson Bible သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။ |
တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။
ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။