အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
ယောဘဝတ္တု။ 13:19 - Common Language Bible ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။ Garrad Bible ငါ နှင့် မည် သူ ဘက် ပြိုင် မည် နည်း။ ထွက် ပေါ် လျှင်၊ ဆိတ် ဆိတ် နေ၍ ငါ အ သေ ခံ မည်။ Judson Bible ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။ |
အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။
ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်ပင် ငါ၏ဘက်မှခုခံလျှောက်လဲတော်မူမည်ဖြစ်၍ ငါ၌အပြစ်ရှိကြောင်း၊အဘယ်သူသည်သက်သေခံ အထောက်အထားပြနိုင်ပါမည်နည်း။ ငါ့အားစွပ်စွဲပြောဆိုသူမှန်သမျှသည် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့သည်ပိုးကိုက်သည့်အဝတ်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ဘုရားသခင်ရွေးချယ်ထားတော်မူသောလူ တို့အား အဘယ်သူသည်ပြစ်တင်စွပ်စွဲမည်နည်း။ သူတို့၌အပြစ်မရှိကြောင်းဘုရားသခင် ကိုယ်တော်တိုင်ထုတ်ဖော်ကြေညာတော်မူပြီ။-