သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
ယောဘဝတ္တု။ 1:19 - Common Language Bible တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ Garrad Bible က န္တာ ရ မုန် တိုင်း ကျ၍၊ အိမ် လေး ထောင် ကို တိုက် ဝှေ့ သည့် အ တွက်၊ ထို ပျို ရွယ် သူ တို့ အ ပေါ် သို့ အိမ် ပြို ပိ သ ဖြင့် သေ ကြ ပါ ပြီ။ ကျွန် တော် တစ် ယောက် တည်း သာ လွတ်၍၊ ကိုယ် တော် အား ပြန် ကြား ရ ပါ သည် ဟု လျှောက် လေ၏။ Judson Bible တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ |
သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။ ဗင်္ဟာဒဒ်သည်လည်းမြို့ထဲသို့ဝင်ပြေးပြီးလျှင် အိမ်တစ်အိမ်ရှိအတွင်းခန်းတစ်ခုတွင်ပုန်း အောင်း၍နေ၏။-
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သည်ရှိသော်ထိုအိမ်သည် ပြိုလဲ၍သွား၏။ ထိုအိမ်၏အပျက်အစီးမှာ ကြီးလှစွာတကား။''
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။