သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
ယာကုပ် 4:5 - Common Language Bible ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။- Garrad Bible ငါ တို့ ၌ ထည့် သွင်း တော် မူ သော နာမ် ဝိ ညာဉ် ကို စိတ် အား ကြီး စွာ တောင့် တ လျက် လွန် ကဲ သော ကျေး ဇူး ကို သ နား တော် မူ သည် ဟူ သော ကျမ်း ချက် ကား အ ချည်း အ နှီး ဟု သင် တို့ ထင် ကြ သ လော။ ထို အ ချက် နှင့် အ ညီ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သည် ဟု ဗျာ ဒိတ် တော် ရှိ ၏။ Judson Bible ကျမ်းစာချက် အချည်းနှီးသက်သက် ဖြစ်သည်ဟူ၍လည်းကောင်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည် ဟူ၍လည်းကောင်း၊ ထင်ကြသလော။- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်စေတော်မူသည့် လူ့စိတ်ဝိညာဉ်အား မိမိကိုသာ ကိုးကွယ်စေလိုသောသဝန်တိုစိတ်ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ၌ အကြောင်းမဲ့ ဖော်ပြသည်ဟု သင်တို့ထင်သလော။ |
သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
မောရှေက``ငါ၏အကျိုးကိုထောက်၍သင် ပြောနေသလော။ ထာဝရဘုရားသည်မိမိ ၏လူမျိုးတော်အားလုံးအပေါ်သို့ဝိညာဉ် တော်ကိုပေးအပ်သဖြင့် သူတို့သည်ပရော ဖက်များကဲ့သို့ကြွေးကြော်နိုင်ကြပါစေ သော'' ဟုပြန်ပြောလေ၏။-
ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။-
အခြားကျမ်းစာတစ်ပုဒ်တွင်လည်း ``ထိုသူ တို့သည်မိမိလှံဖြင့်ထိုးဖောက်သောသူကို ရှုကြည့်ကြရလိမ့်မည်'' ဟုပါရှိသေး၏။
မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-
``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-
သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။-
သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-