``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊-
ယာကုပ် 4:3 - Common Language Bible သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။- Garrad Bible လျှောက် တောင်း၍ မ ရ သည် မှာ လည်း ကိုယ့် အ လို ပြည့် ရန် အ လွဲ လျှောက် တောင်း သော ကြောင့် တည်း။ Judson Bible ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ ရှိစေခြင်းငှာ၊ အလွဲတောင်းသောကြောင့် မရကြ။- မြန်မာ့စံမီသမ္မာကျမ်း တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တောင်းလျှောက်သောအခါ၌လည်း အပျော်အပါးလိုက်စားနိုင်ရန်အတွက် လွဲမှားစွာ တောင်းလျှောက်သောကြောင့် မရကြ။ |
``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊-
ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။
သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။-
သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
သခင်ယေရှုက ``သင်တို့ပန်ကြားနေသည့်အရာ ကို သင်တို့မသိကြ။ ငါသောက်ရမည့်ဒုက္ခဝေဒနာ ခွက်ကိုသောက်ရန်နှင့် ငါခံရမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်စွမ်းနိုင်ကြသလော'' ဟုမိန့်တော်မူ၏။
တောင်းသူသည်ရလိမ့်မည်။ ရှာသောသူသည် တွေ့လိမ့်မည်။ တံခါးကိုခေါက်သောသူအား တံခါးကိုဖွင့်ပေးလိမ့်မည်။-
ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။-
အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။-
သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-
ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-