ယာကုပ် 2:4 - Common Language Bible အချင်းချင်းလူတန်းစားခွဲခြား၍ မကောင်း သောအကြံအစည်နှင့်အကဲဖြတ်ရာရောက် သည်မဟုတ်ပါလော။ Garrad Bible သင် တို့ ဘောင် တွင် မျက် နှာ ရွေး သ ဖြင့် မ ကောင်း သော အ ကြံ အ စည် နှင့် စီ ရင် သူ များ ဖြစ် ကြ သည် မ ဟုတ် လော။ Judson Bible တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောကြံစည်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် အချင်းချင်း ခွဲခြားဆက်ဆံလျက် မကောင်းသော အကြံအစည်ဖြင့် တရားစီရင်သောသူများ ဖြစ်ကြသည် မဟုတ်လော။ |
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍ သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။
အချင်းအာဏာပိုင်တို့၊သင်တို့သည်တရား သဖြင့် ဆုံးဖြတ်မှုကိုပြုကြသလော။ လူအပေါင်းတို့အားတရားမျှတစွာ စီရင်ကြသလော။
``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။ သူယုတ်မာတို့၏မျက်နှာကိုထောက်၍ တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
သင်တို့သည်ငါ၏လူမျိုးတော်အားပညတ် တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ် လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား ဣသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။
အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-