သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
ယာကုပ် 1:3 - Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် သည်းခံခြင်းကို ဖြစ်ပေါ်စေကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။ |
သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။-
သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-
ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
သင်တို့သည်ဘုရားသခင်၏မေတ္တာတော်ကို ပိုမို၍သိမြင်နားလည်နိုင်ကြစေရန်လည်း ကောင်း၊ ခရစ်တော်နည်းတူသည်းခံနိုင်ကြ စေရန်လည်းကောင်း သခင်ဘုရားသည်သင် တို့ကိုလမ်းညွှန်တော်မူပါစေသော။
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
အသိပညာကိုကာမဂုဏ်ချုပ်တည်းခြင်း ဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ကိုခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင် ရည်ရှိခြင်းကိုဘုရားဝတ်၌မွေ့လျော်ခြင်း ဖြင့်လည်းကောင်း၊-