အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
မဿဲ 5:1 - Common Language Bible ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။- Garrad Bible ထို ပ ရိ သတ် တို့ ကို မြင် တော် မူ သော် ကိုယ် တော် သည် တောင် ပေါ် သို့ တက် ကြွ၍ ထိုင် တော် မူ ပြီး လျှင် လာ ရောက် ချဉ်း ကပ် ကြ သော တ ပည့် တော် တို့ အား နှုတ် မြွက်၍ ဒေ သ နာ ပေး တော် မူ သည် မှာ၊ Judson Bible ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။ မြန်မာ ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- |
အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။-
ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။
ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။-
ထိုနောက်ကိုယ်တော်သည်အိမ်သို့ပြန်တော်မူ၏။ လူ တို့သည်စုရုံးလာကြပြန်သည်။ ထို့ကြောင့်ကိုယ်တော် နှင့်တပည့်တော်တို့မှာအစားအစာသုံးဆောင်ရန် ပင်အခွင့်မရကြ။-
ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။-
သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။