Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:1 - Common Language Bible

1 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အိုင် နား တွင် ဒေ သ နာ ပေး တော် မူ ပြန် သော် အ လွန် ကြီး စွာ သော လူ ပ ရိတ် သတ် စု ရုံး လာ ရောက် ကြ သ ဖြင့် ကိုယ် တော် သည် အိုင် ထဲ ရှိ လှေ တစ် စင်း ပေါ် သို့ တက်၍ ထိုင် တော် မူ ရာ အိုင် ကမ်း ပေါ် တွင် ရှိ နေ သော လူ ပ ရိတ် သတ် တို့ အား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 နောက်​တစ်​ဖန် အိုင်​နား​မှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ​သော​ကြောင့်၊ အိုင်​တွင် လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အိုင်​နား ကုန်း​ပေါ်​မှာ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 တစ်ဖန် ယေရှု​သည် အိုင်​နံဘေး​၌ ဟောပြော​သွန်သင်တော်မူ၏။ အလွန်​များပြားလှသော​လူအုပ်ကြီး​သည် ကိုယ်တော့်​အနားသို့ စုဝေးလာကြ​သဖြင့် ယေရှု​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်တော်မူ၏။ လူအုပ်ကြီး​သည်လည်း ကမ်းခြေ​တွင် ရပ်နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 နောက်​တစ်​ဖန် အိုင်​နား​မှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ​သော​ကြောင့်၊ အိုင်​တွင် လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အိုင်​နား ကုန်း​ပေါ်​မှာ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:1
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။-


သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။-


ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-


တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ်​ထံ​မှ ထွက်​ခွာ​ပြီး​လျှင် ကိုယ်​တော်​ရောက်​ရှိ​နေ​နှင့် ပြီး​သည့်​လှေ​ပေါ်​သို့​တက်​၍​ရွက်​လွှင့်​ကြ​၏။ အ​ခြား​လှေ​များ​လည်း​ပါ​၏။-


ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-


သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ