ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
မဿဲ 24:3 - Common Language Bible ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။ Garrad Bible သံ လွင် တောင် ပေါ် တွင် ထိုင် နေ တော် မူ သော် တ ပည့် တော် တို့ သည် အ သီး အ ခြား ချဉ်း ကပ် ၍ မည် သည့် အ ခါ တွင် ထို သို့ ဖြစ် ပျက် မည် ကို လည်း ကောင်း၊ ကိုယ် တော် ကြွ လာ တော် မူ ခြင်း နှင့် ယ ခု ခေတ် ကာ လ ကုန် ဆုံး ခြင်း ဆိုင် ရာ နိ မိတ် လ က္ခ ဏာ များ ကိုလည်း ကောင်း၊ မိန့် တော် မူ ပါ ဟု လျှောက် ကြ ရာ။ Judson Bible ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- |
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊-
တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။
ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊-
လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။''
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။-
သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။-
အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ထိုသူတို့က ``အရှင်ဘုရား၊ ဤအမှုအရာ များသည်အဘယ်ကာလတွင်ဖြစ်ပျက်ပါ မည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်ပုဗ္ဗနိမိတ်များပေါ်ထွန်းပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-