ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
မဿဲ 10:4 - Common Language Bible မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။ Garrad Bible အာ လ ဖဲ၏ သား ယာ ကုပ် နှင့် သ ဒ္ဒဲ၊ ဝံ သာ နု ရှိ မုန် နှင့် ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။ Judson Bible ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။ မြန်မာ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။ |
ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊-
တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။-
ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။
သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-