``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
မြည်တမ်းစကား 5:8 - Common Language Bible ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်း အဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။ Garrad Bible ကျွန် က ပင်။ အ ကျွန်ုပ် တို့ အ ပေါ် တွင် မင်း မူ လျက်။ လက် တွင်း မှ ကယ် လွှတ် သူ မ ရှိ ချေ။ Judson Bible သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနုတ်ပါ။ မြန်မာ့စံမီသမ္မာကျမ်း ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အကျွန်ုပ်တို့ကို ကယ်နုတ်မည့်သူမရှိပါ။ |
``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
ငါသည်ဘုရားသခင်ဖြစ်၏။ နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။
ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-