မြည်တမ်းစကား 4:15 - Common Language Bible
လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
အခန်းကိုကြည့်ပါ။
သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြ၊ သွားကြ။ မထိကြနှင့်ဟု သူတစ်ပါးတို့သည် ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။
အခန်းကိုကြည့်ပါ။
လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
အခန်းကိုကြည့်ပါ။