အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
မြည်တမ်းစကား 4:11 - Common Language Bible ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် အ မျက် ဒေါ သ အ ရှိန် ကုန်၊ သွန်း လောင်း လျက်၊ ဇိ အုန် မြို့ အ ခြေ အ မြစ် ပါ၊ ကျွမ်း လောင် သော မီး ကို မွေး တော် မူ လေ ပြီ။ Judson Bible ထာဝရဘုရားသည် အမျက်တော်ကို စုံလင်စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ်တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား ပြင်းစွာအမျက်ထွက်လေပြီ။ အမျက်တော်မီးကို သွန်ချလေပြီ။ ဇိအုန်မြို့ကိုမီးရှို့၍ မြို့၏အုတ်မြစ်ကိုပါ လောင်ကျွမ်းစေလေပြီ။ |
အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်သင်ပြုခဲ့သည့်အမှု များအတွက်အပြစ်ဒဏ်ခတ်တော်မူမည်။ ငါသည်သင်၏နန်းတော်ကိုမီးသင့်လောင် စေမည်။ ထိုမီးသည်နီးနားပတ်လည်တွင်ရှိ သမျှသောအရာတို့ကိုကျွမ်းလောင်သွားစေ လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက် ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
ကိုယ်တော်သည်ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ဣသရေလအမျိုးသားတို့၏ အင်အားကိုဖြိုခွဲတော်မူပါ၏။ ရန်သူများလာရောက်ချိန်၌ငါတို့အားကူမရန် ငြင်းဆန်တော်မူ၏။ ကိုယ်တော်သည်မီးသဖွယ်တောက်လောင်ကာ ရှိသမျှကိုလောင်စေတော်မူ၏။
ကိုယ်တော်သည်ငါတို့အားမြားတော်များဖြင့် အသင့်ချိန်ရွယ်ကာအားရရွှင်လန်းဂုဏ်ယူ ဝါကြွားရာဖြစ်သူလူအပေါင်းတို့အား ကွပ်မျက်တော်မူ၏။ ယေရုရှလင်မြို့၌ငါတို့သည်ကိုယ်တော်၏ တောက်လောင်သောအမျက်တော်ကိုခံစား ရကြ၏။
ထာဝရဘုရားသည်ဇိအုန်မြို့ရိုးများ ပြိုပျက်စေရန်သန္နိဋ္ဌာန်ချမှတ်ထားသဖြင့် ယင်းတို့ဧကန်မုချလုံးဝပျက်စီးစိမ့်သောငှာ တိုင်းထွာသတ်မှတ်ပေးတော်မူ၏။ ယခုအခါပြအိုးများနှင့်မြို့ရိုးများသည် အတူတကွယိုယွင်းပျက်စီးလျက်ရှိကြ၏။
ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သူတို့သည်လူသတ်မှုများကူးလွန်၍ရုပ်တု များအားဖြင့် ထိုပြည်ကိုညစ်ညမ်းစေသော ကြောင့်ငါသည်သူတို့အားငါ၏အမျက် တော်ဒဏ်ကိုခံစေခဲ့၏။-
ရပ်ဝေးသို့ရောက်နေသူများသည်ဖျားနာ၍ သေရကြလျက် အနီး၌ရှိနေသူတို့မူကား စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ မသေဘဲ ကျန်ရစ်သူတို့သည်အစာငတ်၍သေရ ကြလိမ့်မည်။ သူတို့သည်ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝခံရကြလိမ့်မည်။-
ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-
သင်တို့သည်ပန်းသဖွယ်ညှိုးနွမ်းခြောက်သွေ့ လျက်ခန္ဓာမရွေ့မီ၊ သင်တို့အပေါ်သို့ ထာဝရဘုရား၏အမျက်တော်မသက် ရောက်မီ၊ ကိုယ်တော်အမျက်ထွက်တော်မူ ရာကာလမကျရောက်မီအမြင်မှန်ရ ကြလော့။-
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-