မြည်တမ်းစကား 3:63 - Common Language Bible မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။ Garrad Bible ချင်း တို့ ထိုင် ခြင်း၊ ထ ခြင်း များ ကို မှတ် သား တော် မူ ပါ။ အ ကျွန်ုပ် သည် သူ တို့ စာ ချိုး ရာ ရောက် လေ ပြီ။ Judson Bible သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့ သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုတော်မူပါ။ သူတို့ထိုင်လေရာ၊ ထလေရာ၌ အကျွန်ုပ်အကြောင်းကိုသာ လှောင်ပြောင်သီဆိုကြပါ၏။ |
ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။