ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။
မြည်တမ်းစကား 3:51 - Common Language Bible မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။ Judson Bible ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း မြို့သမီးပျိုအပေါင်းတို့၏အဖြစ်ကို မြင်ရသောကြောင့် ငါ့စိတ်နှလုံးကြေကွဲရပြီ။ |
ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။
သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။