မြည်တမ်းစကား 3:18 - Common Language Bible ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။ Garrad Bible အ ကျွန်ုပ် က၊ အ သက် ရှည် ရာ အ ကြောင်း ထာ ဝ ရ ဘု ရား ထံ စောင့် မျှော် ရာ အ ကြောင်း၊ ပျက် လေ ပြီ။ Judson Bible သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ “ငါ့ခွန်အား ကုန်ခန်းပြီ။ ထာဝရဘုရားထံတော်မှ ငါ့မျှော်လင့်ခြင်း ကုန်ဆုံးပြီ”ဟု ငါဆိုရ၏။ |
ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
တောင်းသူသည်ရလိမ့်မည်။ ရှာသောသူသည် တွေ့လိမ့်မည်။ တံခါးကိုခေါက်သောသူအား တံခါးကိုဖွင့်ပေးလိမ့်မည်။-
``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။-