``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
မြည်တမ်းစကား 1:6 - Common Language Bible ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည် ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။ သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။ သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။ Garrad Bible သ တို့ သ မီး ဇိ အုန် မှ၊ စည်း စိမ် ရှိ သ မျှ ကွယ် ပျောက် သ ဖြင့်၊ မှူး မတ် တို့ သည်၊ စား ကျက် မဲ့ သော သ မင် များ ကဲ့ သို့၊ အ မဲ လိုက် သူ တို့ ရှေ့ အား လျော့၍ ပြေး ရ ကြ၏။ Judson Bible ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည် အကြွင်းမဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာကို ရှာ၍မတွေ့သော သမင်ဒရယ်ကဲ့သို့ ဖြစ်၍၊ လိုက်သောသူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်သမီး၏ခန့်ညားထည်ဝါမှုသည် သူ့ကို စွန့်ပစ်လေပြီ။ သူ၏အကြီးအကဲတို့သည် စားကျက်မြေကိုရှာမတွေ့သော သမင်များကဲ့သို့ဖြစ်လေပြီ။ လိုက်သောသူတို့ရှေ့၌ အားအင်ချည့်နဲ့စွာဖြင့် ပြေးကြရလေပြီ။ |
``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
``ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယေရု ရှလင်မြို့မှ ဗာဗုလုန်မြို့သို့မိမိပြည်နှင် ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့အား၊-
သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။
မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
ထိုနောက်ဇေဒကိ၏မျက်စိများကိုဖောက် စေ၍သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများနှင့်ချည်နှောင်စေ၏။ ဇေဒကိသည်သေသည်တိုင်အောင်ဗာဗုလုန် မြို့တွင်ထောင်ထဲ၌နေရလေ၏။
သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
ထာဝရဘုရားက``အချင်းလူသား၊ ယခုငါ သည်သူတို့ဂုဏ်ယူဝါကြွားစရာ၊ စိတ်ကြည်နူး စရာဖြစ်သောခိုင်ခံ့လှသည့်ဗိမာန်တော်ကို ဖယ်ရှားမည်။ သူတို့သည်ထိုဗိမာန်တော်ကို ကြည့်ရှုလိုကြ၏။ ထိုဗိမာန်တော်သို့သွား ရောက်လိုကြ၏။ သူတို့၏သားသမီးများ ကိုလည်းငါသည်ရုပ်သိမ်းမည်။-
``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။