Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 47:3 - Common Language Bible

3 သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။ သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 ဖိ လိ တ္တိ လူ မျိုး တည်း ဟူ သော၊ က ရေ တေ ကျွန်း သား အ ကြွင်း အ ကျန် တို့ ကို ထာ ဝ ရ ဘု ရား ဖျက် ဆီး တော် မူ သည့် အ လျောက်၊ ဖိ လိ တ္တိ လူ မျိုး တို့ ကို လည်း ကောင်း၊ တု ရု နှင့် ဇိ ဒုန် မြို့ များ၌ ကြွင်း ကျန် သ မျှ စစ် ကူ သူ တို့ ကို လည်း ကောင်း၊ ဖျက် ဆီး ပယ် ရှား ရာ နေ့ ရက် ကာ လ ရောက် တော့ မည် ဖြစ် သော ကြောင့်၊ မြင်း တပ် ဒုံး ခွာ သံ၊ ရ ထား တပ် ပဲ့ တင် သံ၊ ဘီး လည် သံ များ အ တွက်၊ အ ဘ တို့ သည် လက် လျော့၍၊ သား ရင်း တို့ ကို ပင် မ လှည့် မ ကြည့် ဝံ့ ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ရန်​သူ​စီး​သော မြင်း​ခွာ​သံ၊ စိုင်း​သော​ရ​ထား​ဘီး​များ မြည်​သံ​ကြောင့်၊ အ​ဘ​တို့​သည် လက်​အား​လျော့၍ သား​တို့​ကို ပြန်​မ​ကြည့်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မြင်းခွာသံ​တခွပ်ခွပ်​၊ စစ်ရထား​သံ​တဂျုန်းဂျုန်း​၊ ဘီးလိမ့်​သံ​တဒုန်းဒုန်း​ကြောင့် ဖခင်​တို့​သည် လက်မှိုင်ချ​၍ သူ​တို့​၏​ကလေး​များ​ကို​ပင် လှည့်​မ​ကြည့်​နိုင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 47:3
14 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​များ​သည်​မြောက်​ဘက်​ရှိ​ဒန်​မြို့​သို့ တိုင်​အောင်​ရောက်​ရှိ​လာ​ကြ​ရာ သူ​တို့​၏​မြင်း များ​နှာ​မှုတ်​သံ​ကို​ငါ​တို့​ကြား​ရ​ကြ​၏။ သူ​တို့​၏​မြင်း​များ​ဟီ​လိုက်​သော​အ​ခါ​၌ တစ်​တိုင်း​တစ်​ပြည်​လုံး​တုန်​လှုပ်​၍​သွား​၏။ သူ​တို့​သည်​ငါ​တို့​ပြည်​နှင့်​တ​ကွ ငါ​တို့ ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ၊ ငါ​တို့ မြို့​နှင့်​မြို့​သူ​မြို့​သား​များ​အား​သုတ်​သင် ဖျက်​ဆီး​ရန်​လာ​ရောက်​ကြ​လေ​ပြီ'' ဟု​ဆို ကြ​၏။


ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။


စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊ လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။


မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့် လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့် စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။


သူ​တို့​၏​ရင်​အုပ်​တွင်​သံ​ရင်​အုပ်​တန်​ဆာ​တပ် ဆင်​ထား​သည်​နှင့်​တူ​၏။ သူ​တို့​၏​အ​တောင်​ခပ် သံ​သည်​စစ်​ပွဲ​ဝင်​ရန်​မောင်း​နှင်​လာ​သော​မြင်း ရ​ထား​များ​၏​အ​သံ​နှင့်​တူ​၏။-


သူ​တို့​သည်​မိ​မိ​တို့​လေး​များ​နှင့်​ဋ္ဌား​များ​ကို ကိုင်​စွဲ​ကြ​လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ပေ​သည်။ သူ​တို့​၏​မြင်း​ခွာ​သံ​များ​သည်​ပင်​လယ်​ရေ မြည်​ဟီး​သံ​နှင့်​တူ​၏။ သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ရန် အ​သင့်​ရှိ​ကြ​လေ​ပြီ။


သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-


တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။ သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟု ဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။


သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ