မြည်တမ်းစကား 1:15 - Common Language Bible
``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
အခန်းကိုကြည့်ပါ။
အ ရှင် ဘု ရား သည်၊ အ တွင်း ရှိ သူ ရဲ ကောင်း ခပ် သိမ်း တို့ ကို ပြောင် လှောင် လျက်၊ လက် ရွေး အ ပေါင်း တို့ ကို နှိမ် နှင်း ရန်၊ အ သင်း အ ပင်း ကို ခေါ်၍ သ တို့ သ မီး က ညာ ယု ဒ ကို လည်း၊ စ ပျစ် ကျင်း သ ဖွယ် ဖိ နင်း တော် မူ စွ တ ကား။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက်ခြင်းငှာ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရားသည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
အခန်းကိုကြည့်ပါ။
ဘုရားသခင်သည် ငါ့စစ်သူရဲအားလုံးကို နင်းချေတော်မူပြီ။ စစ်သည်အလုံးအရင်းကို ဆင့်ခေါ်၍ ငါ၏လူငယ်တို့ကို ဖျက်ဆီးစေတော်မူပြီ။ ယုဒသမီးပျိုကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
အခန်းကိုကြည့်ပါ။