Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 3:13 - Common Language Bible

13 ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 စ ပါး မှည့် သော ကြောင့်။ တံ စဉ် ကျော့ ကြ လော့။ စ ပျစ် ကျင်း များ လည်း၊ မြောက် မြား သော ဆိုး သွမ်း မှု နှင့် ပြည့် လျှံ သော ကြောင့်။ ဖိ နင်း ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ရိတ်သိမ်းစရာ​သီးနှံ​မှည့်ဝင်း​ပြီ​ဖြစ်၍ တံစဉ်​ကို​ဆန့်တန်း​ကြ​လော့​။ စပျစ်သီးနယ်ရာကျင်း ပြည့်​နေ​သည်​ဖြစ်၍ လာ​၍​နင်းချေ​ကြ​လော့​။ စည်​များ လျှံ​နေ​သကဲ့သို့ ထို​သူ​တို့​၏​ဆိုးညစ်မှု​များ​သည် များပြား​လျက်​ရှိ​၏​။”

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 3:13
14 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။


သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က အာ​ဗြ​ဟံ​အား ``သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​အား အ​ပြစ် တင်​စွပ်​စွဲ​သံ​ပြင်း​ထန်​လှ​၏။ ထို​မြို့​တို့​၏​ပြစ် မှု​သည်​လည်း​ကြီး​လေး​လှ​၏။-


ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-


မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''


``ယု​ဒ​ပြည်​သား​တို့​သင်​တို့​ကူး​လွန်​သည့် အ​ပြစ်​အ​တွက် သင်​တို့​အား​လည်း​ငါ​ပြစ် ဒဏ်​စီ​ရင်​မည့်​နေ့​ရက်​ကို​သတ်​မှတ်​ထား ပြီး​ဖြစ်​သည်။''


ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။-


ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။


``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-


တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-


လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ရန်​အ​တွက်​ကိုယ် တော်​၏​ခံ​တွင်း​မှ​ထက်​သော​သန်​လျက်​ထွက်​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် သီး​နယ်​ရာ​ကျင်း​တွင်​စ​ပျစ်​ရည်​များ​ကို နင်း​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ