သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
မိက္ခာ 7:6 - Common Language Bible ထိုအချိန်ကာလတွင်သားများက မိမိတို့ ၏ဖခင်များ၏အသရေကိုရှုတ်ချလိမ့်မည်။ သမီးများကမိခင်များအားဆန့်ကျင်ဘက် ပြုမည်။ ချွေးမများကယောက္ခမကိုရန်ဘက် ပြုမည်။ အိမ်သားတို့၏ရန်သူများသည်မိမိ တို့၏မိသားစုထဲမှဖြစ်လိမ့်မည်။ Garrad Bible အ သို့ ဆို သော်၊ သား သည် ဖ ခင် ကို ပြောင် လှောင်၍၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ့ ကိုလည်း ကောင်း၊ ရန် ဘက် ပြု ကြ သည့် အ လျောက်၊ အိမ် ထောင် သား ချင်း တို့ လည်း ရန် မူ ကြ လေ စွ တ ကား။ Judson Bible အကြောင်းမူကား၊ သားသည် အဘ၏အသရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သားသည် ဖခင်ကို အသရေဖျက်၏။ သမီးသည် မိခင်ကို ဆန့်ကျင်၏။ ချွေးမသည် ယောက္ခမကို ဆန့်ကျင်၏။ ကိုယ့်အိမ်သားသည် ကိုယ့်ရန်သူဖြစ်နေ၏။ |
သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် အမျက်ထွက်တော်မူသဖြင့်ကိုယ်တော် ပေးတော်မူသောအပြစ်ဒဏ်သည် တစ်ပြည် လုံးတွင်မီးသဖွယ်တောက်လောင်ကာလူ တို့အားသုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။ ထိုအခါလူတိုင်းပင်ကိုယ်လွတ်ရုန်း ကြလိမ့်မည်။-
သင်၏အိမ်ထောင်စုသားများ၊သင့်ညီအစ်ကို များ ပင်လျှင်သင့်အားသစ္စာဖောက်ကြလေပြီ။ သူတို့သည်သင်၏တစ်ဘက်မှဝင်၍သင့်အား အော်ဟစ်နေကြ၏။ သူတို့သည်သင့်အားနှုတ်ချိုစွာပြောသော်လည်း သူတို့ကိုသင်မယုံနှင့်'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
သင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။-
သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊ သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။ သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။ သင်တို့နှင့်အတူစားသောက်ခဲ့သည့် မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။ သူတို့သည်သင်တို့ကိုရည်မှတ်၍ ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။
``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-
``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-