ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
မိက္ခာ 7:3 - Common Language Bible သူတို့သည်မကောင်းမှုကိုပြုလုပ်ရန်စိတ် အားထက်သန်ကြ၏။ အရာရှိများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် တောင်းတတ်ကြ၏။ သြဇာရှိသောသူ၏ အလိုဆန္ဒကိုလိုက်၍ သူတို့သည်မကောင်း မှုကိုအတူတကွကြံစည်ကြ၏။- Garrad Bible မင်း သည် ပ ဏ္ဏာ တောင်း ခြင်း၊ တ ရား သူ ကြီး သည် တံ စိုး စား ခြင်း၊ အ ကြီး အ ကဲ သည် တပ် မက် ရာ ကို ဖော် ပြ ခြင်း ပြု သည် နှင့်၊ အ ဆိုး ကို လွန်း ပေါင်း တင် ကြ၏။ Judson Bible ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှာ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတစ်ပါးထက်ကြီးသောသူသည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှာ ပြုတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။ |
ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။-
ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။-
သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
သူတို့သည်စပျစ်ရည်သောက်ကြူး၍ပြည့် တန်ဆာအလုပ်ဖြင့်ပျော်ပါးကြ၏။ သူတို့ သည်ဂုဏ်ရှိစေမည့်အမှုထက်အရှက်ကွဲ စေမည့်အမှုကိုနှစ်သက်ကြ၏။-
ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
သင်တို့သည်မည်မျှအပြစ်ကူးလွန်ခဲ့၍ သင်တို့အပြစ်သည်မည်မျှကြောက်စရာ ကောင်းလှကြောင်းကိုငါသိ၏။ သင်တို့သည် သူတော်ကောင်းများကိုညှင်းပန်း၍ တံစိုး လက်ဆောင်စားနေကြပြီ။ ဆင်းရဲသား တို့အားတရားသဖြင့် မစီရင်ဘဲသူတို့ ကိုရုံးတော်များမှမောင်းထုတ်ခဲ့ပြီ။-
ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-
``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။