ဟောရှေ 4:18 - Common Language Bible18 သူတို့သည်စပျစ်ရည်သောက်ကြူး၍ပြည့် တန်ဆာအလုပ်ဖြင့်ပျော်ပါးကြ၏။ သူတို့ သည်ဂုဏ်ရှိစေမည့်အမှုထက်အရှက်ကွဲ စေမည့်အမှုကိုနှစ်သက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ယစ် သောက် ပြီး လျှင်၊ မ တ ရား မေ ထုန် ပြု ကြ သည် တ ကား။ မှူး မတ် တို့ လည်း ရှက် ဖွယ် မှု ကို နှစ် သက် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ် မတရားသောမေထုန်ကိုပြုကြပြီ။ ရှက်ဖွယ်သောအမှုကို တပ်မက်ကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် စပျစ်ဝိုင်ယစ်မူးပြီး ပြည့်တန်ဆာနှင့်ဖောက်ပြန်မှားယွင်းကြ၏။ သူတို့၏အကြီးအကဲတို့သည်လည်း ရှက်ဖွယ်အမှုကို အလွန်နှစ်သက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။