ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
မိက္ခာ 4:3 - Common Language Bible ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။ သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊ လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။ နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။ စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။ Garrad Bible ကိုယ် တော် သည် များ ပြား သော လူ မျိုး တို့ စပ် ကြား၌ စီ ရင်၍၊ ဝေး ကွာ သော လူ မျိုး ကြီး တို့ အ ပေါ် တွင် ဆုံး ဖြတ် တော် မူ သ ဖြင့်၊ သူ တို့ ဓား လက် နက် များ ကို ထွန် သွား၊ လှံ လက် နက် များ ကို တံ စဉ် ဖြစ် စေ ခြင်း ငှာ ထု လုပ်၍၊ တစ် မျိုး ကို တစ် မျိုး ထပ် မံ ဓား ခုတ် ခြင်း၊ Judson Bible ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာနေလျက် အားကြီးသော လူမျိုးတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။ |
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
မင်းကြီး၏လက်ထက်၌တရားမျှတမှု စိုးမိုးပါစေသော။ လသည်အလင်းရောင်ပေးလျက်နေသမျှ ကာလပတ်လုံးသာယာဝပြောမှုရှိပါ စေသော။
အို ဘုရားသခင်၊ ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။ လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။
တန်ခိုးကြီးမားသည့်လူမျိုးတို့သည်ကိုယ်တော် ရှင်ကို ထောမနာပြုကြပါလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သူတို့နေထိုင်ရာ မြို့များတွင်လည်း ကိုယ်တော်အားကြောက်လန့်၍နေကြပါလိမ့်မည်။
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။ သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
ငါ၏အမိန့်ကိုမနာခံသောအခြားနိုင်ငံ များကို ပြင်းစွာအမျက်ထွက်၍ငါဒဏ် စီရင်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``တိုင်း နိုင်ငံကြီးများနှင့်မြို့များမှလူတို့သည် ယေရုရှလင်မြို့သို့လာရောက်ကြမည့် အချိန်ကျရောက်လာလိမ့်မည်။-
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''