ဟေရှာယ 60:12 - Common Language Bible12 သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible12 သင့် လက် အောက် မ ဝင် သော လူ မျိုး၊ တိုင်း နိုင် ငံ သည်၊ ပျက် စီး ရ လိမ့် မည်။ ထို သို့ သော လူ မျိုး တို့ သည် ပယ် ရှား ရာ ရောက် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှုကိုမဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်၏အမှုကိုမထမ်းဆောင်သောလူမျိုးဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေ ပျက်စီးရလိမ့်မည်။ ထိုလူမျိုးတို့သည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။ အခန်းကိုကြည့်ပါ။ |
ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။