Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 82:8 - Common Language Bible

8 အို ဘု​ရား​သ​ခင်၊ ကြွ​လာ​တော်​မူ​၍​ကမ္ဘာ​လော​က​ကို​အုပ်​စိုး​တော် မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​ကို​ကိုယ်​တော်​ရှင်​ပိုင်​တော် မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အို ဘု ရား သ ခင်၊ လူ မျိုး ခြား အ ပေါင်း တို့ ကို၊ အ ပိုင် ရ တော် မူ မည် ဖြစ် သော ကြောင့်၊ ထ ရပ် ၍ မြေ ကြီး ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အို​ဘု​ရား​သ​ခင်၊ ထ၍ မြေ​ကြီး​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့​ကို အ​ပိုင်​ရ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို ဘုရားသခင်​၊ ထ​၍ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​ပါ​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​အမွေ​တော် ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 82:8
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။


တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။


ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​တို့​၏​ဒေါ​သ​ကို​ဆီး​တား​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ တ​ရား​မျှ​တ​မှု​ကို​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သည်​ဖြစ်​၍


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အား တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​၌ ကဲ့​သို့​ပင် တန်​ခိုး​တော်​ကို​အ​သုံး​ပြု​တော်​မူ​ပါ။ ပင်​လယ်​န​ဂါး​ကြီး​ရာ​ခပ်​အား အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။


တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-


ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။


ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။


ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ