သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
မိက္ခာ 2:3 - Common Language Bible သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။- Garrad Bible သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ မတ် တတ် ရပ် ခွင့်၊ လည် ကုတ် ဆုတ် ခွင့် မ ရှိ သည့် တိုင် အောင်၊ ဤ လူ မျိုး နှင့် စပ် လျဉ်း သော မ ကောင်း ဝန် ကို ငါ ကြံ စည် သည် ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဤလူတို့အပေါ်ဘေးအန္တရာယ်ကျရောက်စေရန် ငါစီရင်ပြီ။ သင်တို့သည် ထိုဘေးကို သင်တို့လည်ပင်းမှ ဖယ်ရှားနိုင်မည်မဟုတ်။ ဘေးအန္တရာယ်ကျရောက်ရာကာလဖြစ်သောကြောင့် ထောင်လွှားသွားလာနိုင်ကြမည်မဟုတ်။ |
သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
ထာဝရဘုရားက``ယေရုရှလင်မြို့သူတို့ သည်အဘယ်မျှမာန်မာနကြီးလျက်နေသည် ကိုကြည့်ကြလော့။ သူတို့သည်လည်ကိုမော်၍ သွားလာတတ်ကြ၏။ အစဉ်ပင်လျှပ်ပေါ်လော် လီကာနေကြ၏။ သူတို့၏ခြေလှမ်းကလေး များသည်သာယာညင်းပျောင်းလှ၍ သူတို့၏ ခြေချင်းများသည်လည်းတချွင်ချွင်မြည် လျက်ရှိ၏။-
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-
ဟောရှဲ၏သားအာဇရိ၊ ကာရာ၏သား ယောဟနန်နှင့်အခြားမောက်မာထောင်လွှား သူလူအပေါင်းတို့သည် ငါ့အား``သင်သည်မု သားစကားကိုပြော၏။ ငါတို့ဘုရားသခင် သည်ငါတို့အားအီဂျစ်ပြည်သို့သွားရောက် နေထိုင်မှုမပြုရဟုပြောကြားရန် သင့်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်။-
ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။-
အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။