ယေရမိ 43:2 - Common Language Bible2 ဟောရှဲ၏သားအာဇရိ၊ ကာရာ၏သား ယောဟနန်နှင့်အခြားမောက်မာထောင်လွှား သူလူအပေါင်းတို့သည် ငါ့အား``သင်သည်မု သားစကားကိုပြော၏။ ငါတို့ဘုရားသခင် သည်ငါတို့အားအီဂျစ်ပြည်သို့သွားရောက် နေထိုင်မှုမပြုရဟုပြောကြားရန် သင့်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible2 ဟော ရှဲ သား အာ ဇ ရိ၊ ကာ ရာ့ သား ယော ဟ နန် နှင့် မောက် မာ သူ အ ပေါင်း တို့ က၊ သင် သည် လိမ် လည် ၍ ဆင့် ဆို လေ ပြီ။ အိ ဂျစ် ပြည် သို့ သွား ရောက် တည်း ခို ခြင်း မ ပြု ကြ ရ ဟု ဆင့် ဆို ရန်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible2 ဟောရှဲသားအာဇရိနှင့် ကာရာသားယောဟနန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသားစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-