ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။-
မိက္ခာ 1:8 - Common Language Bible ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။- Garrad Bible သို့ နှင့် အ ညီ၊ ခံ ရ သော ဒဏ် ချက် များ သည်၊ ကု သ၍ မ ရ၊ ယု ဒ ပြည် သို့ ရောက် လျက်၊ အ မျိုး သား ချင်း တို့၏ ဝင် ပေါက် ဖြစ် သော ယေ ရု ရှ လင် မြို့ တိုင် အောင် ပင် ကူး ပြီး ဖြစ် သော ကြောင့်၊ ငါ သည် မြည် တမ်း အော် ဟစ် လျက်၊ ဖိ နပ် မ စီး၊ အ ဝတ် မ ဆင် ဘဲ သွား လာ လျက်၊ ခွေး အ ကဲ့ သို့ အူ ခြင်း၊ ငှက် ကု လား အုပ် ကဲ့ သို့ မြည် ခြင်း ကို ပြု ရ လိမ့် မည်။ Judson Bible ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်းလည်သွားမည်။ မြေခွေးကဲ့သို့ အူလျက်၊ ကုလားအုတ်ငှက်ကဲ့သို့ မြည်လျက်နေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။ |
ဟေဇကိမင်းနန်းစံတစ်ဆယ့်လေးနှစ်မြောက်၌ အာရှုရိဧကရာဇ်ဘုရင်သနာခရိပ်သည် ယုဒ ပြည်ရှိခံတပ်မြို့များကိုသိမ်းယူလေသည်။-
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
ကျွန်တော်မျိုးသည်တောကန္တာရရှိ တောငှက်ကဲ့သို့လည်းကောင်း၊ ယိုယွင်းပျက်စီးနေသောအဆောက်အအုံရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။
ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။
ယခုအခါငါသည်ယာဇာမြို့အတွက်ငို ယိုမိသကဲ့သို့ စိဗမာစပျစ်ပင်များအတွက် လည်းငိုယိုမိပါ၏။ လူတို့ဝမ်းမြောက်စွာစု သိမ်းရန်အသီးအနှံများမရှိတော့သဖြင့် ငါသည်ဟေရှဘုန်မြို့နှင့်ဧလာလေမြို့ တို့အတွက်မျက်ရည်ကျပါ၏။-
ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
``ငါတို့သည်ဆုံးပါးပျက်စီးလျက်၊လုံးဝ အသရေပျက် ရကြလေပြီတကား။ ငါတို့၏အိမ်ရာများသည်ပြိုပျက်သွားပြီဖြစ်၍ ငါတို့သည်မိမိတို့ပြည်ကိုစွန့်ခွာရကြပေတော့မည်'' ဟူ၍ဇိအုန်မြို့သားတို့ငိုကြွေးမြည်တမ်းသံကို နားထောင်ကြလော့ဟုဆိုကြ၏။
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
သူသည်မိမိ၏အဝတ်များကိုချွတ်၍ ရှမွေလ၏ရှေ့တွင်လည်းကခုန်အော်ဟစ် သည်။ ထို့နောက်ယင်းနေ့တစ်နေ့လုံးနှင့်တစ်ည လုံးအဝတ်အချည်းစည်းနှင့်လဲလျက်နေ သည်။ (ဤနည်းအားဖြင့်ရှောလုပင်လျှင် ပရောဖက်ဖြစ်လေပြီလော'' ဟူသောဆို ရိုးစကားဖြစ်ပေါ်၍လာသတည်း။)