မိက္ခာ 1:7 - Common Language Bible7 ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ပြည့် တန် ဆာ အ လုပ် နှင့် ဆည်း ပူး သော ရုပ် ပွား ဆင်း တု မှ စ၍၊ လက် ဆောင် ရှိ သ မျှ သည်၊ ကျိုး ပျက် ခြင်း၊ ကျွမ်း လောင် ခြင်း၊ ဆိတ် ညံ ခြင်း ခံ ရ လျက်၊ ပြည် တန် ဆာ၏ လက် ဆောင် အ ဖြစ် ရောက် ပြန် လိမ့် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible7 ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှားလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသောဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည့်တန်ဆာလုပ်၍ ဥစ္စာကိုဆည်းပူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည့်တန်ဆာလက်သို့ တစ်ဖန်ရောက်ရဦးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုမြို့ရှိ ရုပ်တုအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေမည်။ ပြည့်တန်ဆာလုပ်၍ရသောအခအားလုံးကို မီးလောင်ကျွမ်းစေမည်။ ရုပ်တုရှိသမျှကိုလည်း အပျက်အစီးပုံဖြစ်စေမည်။ သူစုဆောင်းထားသောပြည့်တန်ဆာလုပ်အားခသည် ပြည့်တန်ဆာအခ ပြန်ဖြစ်လိမ့်မည်။” အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
ဣသရေလအမျိုးသားတို့၏မြို့အပေါင်း လူသူကင်းမဲ့လျက် ဝတ်ပြုကိုးကွယ်ရာမြင့် သောအရပ်များကိုဖြိုဖျက်သဖြင့် ထိုသူ တို့၏ယဇ်ပလ္လင်များနှင့်ရုပ်တုများသည် ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကြကုန်လျက် နံ့သာပေါင်းမီးရှို့ရာ ခွက်တို့သည်လည်းကြေမွကာ ထိုသူတို့ပြု လုပ်သမျှသောအရာတို့သည်ပျောက်ပျက် ကုန်လိမ့်မည်။-