လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
မိက္ခာ 1:4 - Common Language Bible ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။ Garrad Bible နင်း တော် မူ သော တောင် များ သည်၊ မီး ရှေ့ ဖ ယောင်း ကဲ့ သို့ အ ရည် ပျော် ၍၊ ချိုင့် များ လည်း၊ တောင် ကမ်း ပါး ယံ ၌ ရေ တံ ခွန် ဖြာ သ ကဲ့ သို့ အက် ကွဲ ရ လ တ္တံ့။ Judson Bible မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။ |
လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊ မြေငလျင်ကြီးလှုပ်သည်။ မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။
ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။