ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
မိက္ခာ 1:13 - Common Language Bible လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။- Garrad Bible အို လာ ခိ ရှ မြို့ သူ တို့၊ စစ် ရ ထား ကို မြင်း က ကြ လော့။ သင့် မြို့၌ ဣ သ ရေ လ လူ မျိုး၏ လွန် ကျူး မှု တည် ရှိ သည့် အ လျောက်၊ သ တို့ သ မီး ဇိ အုန် ၏ အ ပြစ် မူ လ ရင်း ဖြစ် သ တည်း။ Judson Bible အို လာခိရှမြို့သမီး၊ လျင်မြန်သောမြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်းကိုလက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း အို လာခိရှမြို့သူ၊ မြင်းကို စစ်ရထား၌ ကလော့။ သင်သည် ဇိအုန်သမီးပျို အပြစ်ပြုရာအရင်းအမြစ်ဖြစ်၏။ အကြောင်းမူကား အစ္စရေးလူမျိုး ကျူးလွန်သောအပြစ်များကို သင်၌တွေ့ရ၏။ |
ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
သူသည်ယေရောဗောင်ကဲ့သို့အပြစ်ကူးရရုံ ဖြင့်မကျေနပ်ဘဲ ထိုထက်တစ်ဆင့်တက်ပြီး လျှင်ဇိဒုန်မင်းဧသဗာလ၏သမီးတော် ယေဇဗေလကိုမိဖုရားမြှောက်၍ဗာလ ဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။-
ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
ကာလအနည်းငယ်ကြာသောအခါသနာ ခရိပ်သည် မိမိတပ်မတော်နှင့်အတူလာခိရှ မြို့၌ပင်ရှိနေစဉ် ဟေဇကိနှင့်ယေရုရှလင် မြို့တွင်ရှိနေကြသောယုဒပြည်သူတို့ထံ သို့စေတမန်လွှတ်၍၊-
ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
မောရှေကအာရုန်အား``ဤသူတို့သည်သင့် ကြောင့်ထိုမျှလောက်ကြီးလေးသောအပြစ် ကိုပြုမိရန် သူတို့သည်သင့်အားအဘယ် သို့ပြုကြသနည်း'' ဟုမေး၏။
မာဒမေနမြို့သူမြို့သားနှင့်ဂေဗိမ်မြို့သူ မြို့သားတို့သည် မိမိတို့အသက်ဘေးမှ လွတ်မြောက်ရန်ထွက်ပြေးကြလေပြီ။-
ထိုနောက်သူသည်မိမိ၏ဗိုလ်ချုပ်အား လာခိရှ မြို့မှစစ်သည်အလုံးအရင်းနှင့်ယေရုရှလင် မြို့သို့သွားရောက်ကာ ဟေဇကိမင်းအားလက် နက်ချရန်ပြောဆိုစေ၏။ ဗိုလ်ချုပ်သည်လည်း အထက်ရေကန်မှစီးဆင်းလာသောရေသွယ် မြောင်းအနီး၊ အထည်ယက်လုပ်သူတို့၏ အလုပ်စခန်းတည်ရာလမ်းကိုသိမ်းယူလေ သည်။-
ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက် ခွာပြီးလျှင် အနီးအနားရှိလိဗနမြို့ကို တိုက်ခိုက်လျက်ရှိကြောင်းကြားသိသော အခါ၊ အာရှုရိဗိုလ်ချုပ်သည်မင်းကြီးနှင့် ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေ သည်။-
ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။
``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
သို့ဖြစ်၍ယေရုရှလင်မြို့ဘုရင်မင်းကြီး အဒေါနိဇေဒက်သည်ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ဝိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေပိရတို့ထံသို့သံတမန် များကိုစေလွှတ်၍၊-
သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-