မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
မာလခိ 4:2 - Common Language Bible ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။- Garrad Bible နာ မ တော် ကို ခန့် ညား သော သင် တို့၌ မူ ကား၊ အောင် မြင် သော နေ မင်း သည်၊ ကု သ ခြင်း ရောင် ခြည် ကို လွှတ် သ ဖြင့်၊ တင်း ကုပ် လှောင် နွား သား ငယ် များ ကဲ့ သို့၊ သင် တို့ ထွက် သွား မြူး ထူး လျက်၊ Judson Bible ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း “ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။ |
မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြုသည့် ကတိသစ္စာကိုကြားတော်မူပါပြီ။ ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးကြသူ တို့အား ပေးတော်မူသည့်ပြည်တော်နှင့် ကောင်းကျိုးချမ်းသာကိုကျွန်တော်မျိုး အား ပေးတော်မူပါပြီ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။ သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။
အမှောင်တွင်သွားလာနေသူတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြ၏။ သူတို့သည်သေမင်း၏အရိပ်လွှမ်းမိုးရာပြည်တွင် နေထိုင်ခဲ့ရသော်လည်း၊ ယခုအခါသူတို့အပေါ်သို့အလင်းရောင် ကျရောက်လာလေပြီ။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်း ငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။ သင်တို့၏အနာများကိုကျက်စေမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်မြို့နှင့်မြို့သားတို့ကို ကုစား၍ ပြန်လည်ကျန်းမာလာစေမည်။ မြို့ သူမြို့သားတို့အားငြိမ်းချမ်းသာယာမှု နှင့်ဘေးမဲ့လုံခြုံမှုတို့ကိုရရှိရန်ငါ ပြသမည်။-
ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။-
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-
ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
ထိုအသက်ပင်သည်တစ်လတစ်ကြိမ်၊ တစ်နှစ် လျှင်တစ်ဆယ့်နှစ်ကြိမ်အသီးသီး၏။ ထိုအပင် ၏အရွက်များသည်လူမျိုးတကာတို့၏အနာ ရောဂါများကိုပျောက်ကင်းစေရန်အတွက်ဖြစ်၏။-
ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။