ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
မာလခိ 3:3 - Common Language Bible ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။- Garrad Bible လေ ဝိ ဂိုဏ်း သား တို့ ကို၊ ရွှေ ငွေ ကဲ့ သို့ ချွတ် လှော် သ ဖြင့်၊ ၎င်း တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ အ လှူ များ ကို၊ ဖြောင့် မတ် စွာ ဆက် ကပ် ကြ မည့် အ လျောက်၊ Judson Bible ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သကာကို ပူဇော်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။ |
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
ထာဝရဘုရားအားထိုက်လျောက်သည့် ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။
``အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါကိုယ်တော်ရှင်သည်မှန်ကန်သည့် မီးရှို့ရာပူဇော်သကာများကိုနှစ်သက် လက်ခံတော်မူလိမ့်မည်။ နွားလားများကိုလည်းကိုယ်တော်ရှင်၏ ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြပါလိမ့်မည်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စစ်ဆေးတော်မူပါပြီ။ ငွေကိုမီးဖြင့်ချွတ်သကဲ့သို့ကျွန်တော်မျိုး တို့အား စစ်ဆေးတော်မူပါပြီ။
ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။
ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက ``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။ သူတို့အားငါဆန်းစစ်၍ကြည့်မည်။ ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
``လေဝိအနွယ်ဝင်တို့ကိုဣသရေလအမျိုး သားများမှသီးခြားခွဲထုတ်၍ သူတို့အတွက် အောက်ပါအတိုင်းသန့်စင်ခြင်းဝတ်ကိုပြု လော့။-
သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
သင်တို့၏ယုံကြည်ခြင်းကဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါ၏အသက်သွေးကို သွန်းလောင်းရမည်ဆိုလျှင် ငါသည်ဝမ်းမြောက် လျက်သင်တို့နှင့်အတူဝမ်းမြောက်သည်။-
သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။-
ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ဤတိုတောင်းသောဘဝ၌လူဖခင်များသည် မိမိတို့လျောက်ပတ်သည်ဟုထင်မှတ်သည့် အတိုင်းငါတို့အားဒဏ်ပေးတတ်ကြ၏။ သို့ရာတွင်ဘုရားသခင်မူကားငါတို့ အကျိုးကိုထောက်၍ မိမိကဲ့သို့မြင့်မြတ် သန့်ရှင်းနိုင်ကြစေရန်ငါတို့အားဒဏ် ပေးတော်မူပေသည်။-
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
မိမိ၏ခမည်းတော်ဘုရားသခင်၏အမှုတော် ကိုဆောင်ရွက်နိုင်စေရန် ငါတို့အားရှင်ဘုရင် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုလည်းကောင်းပေးအပ်တော်မူသောယေရှု ခရစ်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော်တော်ရှိတော်မူပါစေ သတည်း။ အာမင်။
သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-
ကိုယ်တော်သည်သူတို့အား အကျွန်ုပ်တို့ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကိုပေးအပ်တော်မူ၏။ သူတို့သည်လည်းကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်။'' ဟုသီချင်းသစ်ကိုသီဆိုကြ၏။