Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ တိ 4:6 - Common Language Bible

6 ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ သည် သွန်း လောင်း ရာ အ ဖြစ် ပူ ဇော် ခံ ရ တော့ မည့် အ လျောက် ထွက် သွား ချိန် တိုင် ရောက် ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အ​ကြောင်း​မူ​ကား၊ ငါ့​ကို​ယဇ်​ပေါ်​မှာ လောင်း​ရ​သော အ​ချိန်​ရှိ​ပြီ။ စု​တေရ​သော​အ​ချိန် ရောက်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အကြောင်းမူကား ငါ​သည် သွန်းလောင်း​ပူဇော်​ခြင်း​ကို​ခံ​နေ​ရ​ပြီ။ ဤ​ဘဝ​ကို ငါ​စွန့်ခွာ​ရ​မည့်​အချိန်​ရောက်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ကျွန်ုပ်​၏ အသက်​သည် ယဇ်ပလ္လင်​ပေါ်တွင် သွန်းလောင်းရာ​ပူဇော်စရာ​ကဲ့သို့ သွန်းလောင်းခံရပြီ။ ကျွန်ုပ်​သည် ဤ​လောက​မှ ထွက်ခွာရတော့မည့်​အချိန် နီးပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:6
8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-


ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-


ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။-


သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-


ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ