သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
မာလခိ 2:7 - Common Language Bible ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။ Judson Bible ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။ |
သို့ဖြစ်၍ဥရိယသည်ထိုပုံစံအတိုင်း တိကျ စွာယဇ်ပလ္လင်တစ်ခုကိုအာခတ်မင်းပြန်၍ မရောက်မီ အပြီးဆောက်လုပ်ထားလေသည်။-
ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။
``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
ငါ၏အစေခံထက်ပို၍မျက်စိကန်းသူ၊ ငါစေလွှတ်လိုက်သည့်တမန်တော်ထက်ပို၍ နားဆွံ့သူတစ်စုံတစ်ယောက်ရှိပါသလော။
သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
ယင်းသို့လျှောက်ထားသောအခါ ထာဝရ ဘုရားက``အကယ်၍သင်သည်နောင်တရ မည်ဆိုလျှင် သင့်အားငါပြန်လက်ခံမည်။ သင်သည်လည်းငါ၏အစေခံဖြစ်ပြန်ရ လိမ့်မည်။ အကယ်၍သင်သည်တန်ဖိုးမဲ့သော စကားကိုမပြောဘဲအကျိုးရှိသည့်စကား ကိုပြောမည်ဆိုက ငါ၏ပရောဖက်ဖြစ်ပြန် ရလိမ့်မည်။ ပြည်သူတို့သည်သင်၏ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည်သူတို့ထံ သို့သွားရန်မလိုတော့ပေ။-
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။-
ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
မောရှေအားဖြင့်ငါပေးသောပညတ်ရှိသမျှ တို့ကို သင်တို့သည်ဣသရေလအမျိုးသား တို့အားသွန်သင်ရမည်'' ဟုမိန့်တော်မူ၏။
ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။-
ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။
ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။-
သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။