မာလခိ 2:6 - Common Language Bible6 သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible6-7 ပ ရော ဟိတ် သည်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ စေ တ မန် ဖြစ် သည့် အ တိုင်း၊ နှုတ် ထွက် တ ရား ကို လူ တို့ ရှာ ဖွေ ကြ အံ့ သော ငှာ၊ အ သိ ပ ညာ ကို နှုတ် စောင့် အပ် သည် နှင့် အ ညီ၊ နှုတ် ခမ်း လိမ် လည် ခြင်း ကင်း လျက်၊ သ မ္မာ တ ရား ကို မြွက် ဆို လျက်၊ ငြိမ် သက် ဖြောင့် မတ် စွာ ငါ့ ရှေ့ တွင် သွား လာ လျက်၊ လူ အ များ တို့ ကို ဒု စ ရိုက် မှ လွှဲ စေ ခဲ့ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကို ရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရား အတိုင်း ငါနှင့်အတူသွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သူ့နှုတ်၌ မှန်ကန်သောသွန်သင်ချက် ရှိ၏။ သူ့နှုတ်ခမ်း၌ မတရားမှု မရှိ။ သူသည် ငါနှင့်အတူ သင့်မြတ်တည်ကြည်စွာ သွားလာနေထိုင်ပြီး လူအများကို ဒုစရိုက်လမ်းမှ ပြန်လှည့်လာစေ၏။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။