Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 27:21 - Common Language Bible

21 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ပ ရော ဟိတ် ဧ လာ ဇာ သည် ကိုယ့် ရှေ့ တွင် ရပ် နေ သော ယော ရှု အ ဖို့ ထာ ဝ ရ ဘု ရား မျက် မှောက်၊ ဥ ရိမ် ဖြင့် ဆုံး ဖြတ် တော် မူ ချက် ကို ရှာ ဖွေ သော် အ မိန့် အ တိုင်း ယော ရှု နှင့် ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် ပါ ချီ ထွက် ခြင်း၊ ချီ ဝင် ခြင်း၊ ပြု ကြ ရ မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21-22 ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​ရှေ့​၌ ရပ်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​က ဥရိမ်​၏​ဆုံးဖြတ်ချက်​ကို မေးမြန်း​ပေး​ရ​မည်​။ သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​လူထု​အပေါင်း​ဖြစ်​သည့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် သူ​၏​စီရင်ဆုံးဖြတ်ချက်​အတိုင်း သွား​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 27:21
23 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-


ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။


ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။


အာ​ရုန်​သည်​ငါ​၏​ရှေ့​တော်​သို့​ဝင်​သော​အ​ခါ ဥ​ရိမ်​နှင့်​သု​မိမ်​ ပါ​ဆောင်​လျက်​ဝင်​နိုင်​စေ​ရန်၊ သူ​၏​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်​ကို​ထည့်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​လို​တော် မည်​သို့​ရှိ​သည်​ကို သိ​နိုင်​ရန်​အာ​ရုန်​သည်​ငါ ၏​ရှေ့​တော်​သို့​ဝင်​လာ​သော​အ​ခါ​တိုင်း​ဤ ရင်​ဖုံး​ကို​ဝတ်​ဆင်​ထား​ရ​မည်။


ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​၏။-


ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။


တိုက်​ပွဲ​များ​၌​ဦး​စီး​နိုင်​သူ​တစ်​ဦး​ကို​ခန့် ထား​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။


တဲ​တော်​တံ​ခါး​ဝ​သို့​လာ​ရောက်​၍​မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ခေါင်း​ဆောင်​များ နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့​တွင်​ရပ်​လျက်၊-


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။-


မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-


ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊-


သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရှေ့​ဆောင်​၍​ထို​ပြည်​တွင်​နေ​ထိုင် သော​လူ​မျိုး​တို့​ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​နိုင် ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ယော​ရှု​သည်​သင်​တို့​ကို​ခေါင်း​ဆောင် လိမ့်​မည်။-


လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့် သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍ မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-


ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။


ဤ​သို့​ယဇ်​ပု​ရော​ဟိတ်​အား​ရှော​လု​ပြော​ဆို နေ​စဉ် ဖိ​လိတ္တိ​တပ်​စ​ခန်း​၌​က​စဥ့်​က​ရဲ​ဖြစ် မှု​သည်​ပို​မို​ဆိုး​ရွား​လာ​သ​ဖြင့်​ရှော​လု က``ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​ချိန် မ​ရှိ​တော့​ပြီ'' ဟု​ဆို​၏။-


ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-


မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-


ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ