ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
မာလခိ 1:1 - Common Language Bible ဤဗျာဒိတ်တော်သည်ဣသရေလအမျိုး သားတို့အားပြန်ကြားရန်အတွက် မာလခိ အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။ Garrad Bible ဣ သ ရေ လ လူ မျိုး ကို ရည် လျက်၊ မာ လ ခိ အား ဖြင့် ရောက် လာ သော အ ခါ၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ဝန် တင် ချက် ကား၊ Judson Bible ထာဝရဘုရားသည် မာလခိလက်တွင် ဣသရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်ကပတ်တော်တည်းဟူသော၊ မြန်မာ့စံမီသမ္မာကျမ်း မာလခိအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်တော်မူသောဗျာဒိတ်စကား။ |
ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
ထာဝရဘုရားကငါ့အား``ယေရမိ၊ ငါ ၏လူမျိုးတော်အနက်မှတစ်စုံတစ်ယောက် သောသူကသော်လည်းကောင်း၊ ပရောဖက်သို့ မဟုတ် ယဇ်ပုရောဟိတ်ကသော်လည်းကောင်း သင့်အား`ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်နည်း' ဟုမေးသောအခါ`ထာဝရ ဘုရားကငါသည်သင့်ကိုဖယ်ရှားတော် မူလိမ့်မည်' ဟုဖြေကြားလော့။-
ဤအကြောင်းအရာသည်နိနေဝေမြို့နှင့် ပတ်သက်သည့်ဗျာဒိတ်တော်ဖြစ်၍ ဧလ ကောရှရွာသားနာဟုံတွေ့မြင်ရသည့် ဗျာဒိတ်ရူပါရုံအကြောင်းပင်ဖြစ်ပေ သည်။
ဤသတင်းစကားသည်ပရောဖက်ဟဗက္ကုတ်အား ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်ဖြစ်ပေသည်။
ပေရသိပြည်ဧကရာဇ်ဒါရိမင်းနန်းစံ ဒုတိယနှစ်ဆဋ္ဌမလတစ်ရက်နေ့၌ ထာဝရ ဘုရားသည်ပရောဖက်ဟ္ဂဲအားဗျာဒိတ် ပေးတော်မူပါ၏။ ထိုဗျာဒိတ်တော်သည်ယုဒ ဘုရင်ခံရှာလသေလ၏သားဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏သား ယောရှုတို့အတွက်ဖြစ်၏။
ထာဝရဘုရားသည်ထိုနှစ်သတ္တမလနှစ် ဆယ့်တစ်ရက်နေ့၌ ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်က၊-
ဤဗျာဒိတ်တော်သည်မိုးကောင်းကင်ကို ဖြန့်ကြက်၍ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး လျှင် လူသတ္တဝါအားအသက်ကိုပေးတော် မူသောထာဝရဘုရား၏ထံတော်မှ ဣသရေလအမျိုးသားတို့နှင့်စပ်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။-
ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။-
ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-