ဟ္ဂဲ 2:1 - Common Language Bible1 ထာဝရဘုရားသည်ထိုနှစ်သတ္တမလနှစ် ဆယ့်တစ်ရက်နေ့၌ ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်က၊- အခန်းကိုကြည့်ပါ။Garrad Bible1 တစ် ဖန် သ တ္တ မ လ နှစ် ဆယ့် တစ် ရက် တွင် ပ ရော ဖက် ဟ ဂ္ဂဲ အား ဖြင့် ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာဒိတ် တော် ကား၊ အခန်းကိုကြည့်ပါ။Judson Bible1 သတ္တမလ နှစ်ဆယ်တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သတ္တမလ၊ နှစ်ဆယ့်တစ်ရက်နေ့တွင် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရောက်လာ၍ အခန်းကိုကြည့်ပါ။ |
ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။