ဟေရှာယ 13:1 - Common Language Bible1 ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ဗာ ဗု လုန် မြို့ ကို ရည်၍ အာ မုတ် သား ဟေ ရှာ ယ မြော် မြင် သော ဗျာ ဒိတ် တော် ချက် ဟူ မူ ကား။ အခန်းကိုကြည့်ပါ။Judson Bible1 ဗာဗုလုန်မြို့ကိုရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဘေဘီလုံမြို့နှင့်ပတ်သက်၍ အာမုတ်၏သား ဟေရှာယမြင်ရသောဗျာဒိတ်တော်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။
ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)