တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
ဗျာဒိတ် 9:9 - Common Language Bible သူတို့၏ရင်အုပ်တွင်သံရင်အုပ်တန်ဆာတပ် ဆင်ထားသည်နှင့်တူ၏။ သူတို့၏အတောင်ခပ် သံသည်စစ်ပွဲဝင်ရန်မောင်းနှင်လာသောမြင်း ရထားများ၏အသံနှင့်တူ၏။- Garrad Bible တောင် ဟုန် သံ လည်း စစ် ပွဲ သို့ စိုင်း နှင် သော စစ် ရ ထား တပ် သံ နှင့် တူ၏။ Judson Bible ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့တွင် သံချပ်ဝတ်ကဲ့သို့သော ရင်အုပ်ကာချပ်ဝတ်များပါရှိပြီး သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ ပြေးလာသောမြင်းရထားများ၏အသံကဲ့သို့ဖြစ်၏။ |
တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။
ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။-