ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
ဗျာဒိတ် 9:6 - Common Language Bible ထိုငါးလအတွင်းလူတို့သည်သေမင်းကိုရှာ ကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ သေရန် တောင့်တကြသော်လည်းသေမင်းသည်သူတို့ အားတိမ်းရှောင်၍သွားလိမ့်မည်။ Garrad Bible လူ တို့ သည် သေ ခြင်း ကို ရှာ သော် လည်း တွေ့ ကြ မည် မ ဟုတ်။ သေ လို ကြ သော် လည်း သေ မင်း ရှောင် ပြေး လိမ့် မည်။ Judson Bible ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကာလ၌ လူတို့သည် သေလမ်းကို ရှာသော်လည်း မတွေ့နိုင်ကြ။ သူတို့သည် သေလိုသော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးသွားလိမ့်မည်။ |
ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-
ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။-