ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
ဗျာဒိတ် 9:4 - Common Language Bible သူတို့သည်မြက်များနှင့်အခြားစိမ်းလန်းသည့် အပင်ကြီးငယ်တို့ကိုဘေးဥပဒ်ပြုပိုင်ခွင့်မရှိ။ နဖူးတွင်ဘုရားသခင်၏တံဆိပ်တော်မပါ သည့်လူတို့ကိုသာလျှင်ဘေးဥပဒ်ပြုပိုင်ခွင့် ရှိကြ၏။- Garrad Bible စိမ်း လန်း သော အ ပင် မည် သည် ကို မျှ မ ဟုတ်။ န ဖူး တွင် ဘု ရား သ ခင် ခတ် တော် မူ သော တံ ဆိပ် မဲ့ သူ တို့ ကို သာ အ န္တ ရာယ် ပြု ခွင့် ရ သည် ဟု အ မိန့် ရှိ၏။ Judson Bible မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။- မြန်မာ့စံမီသမ္မာကျမ်း မြေကြီးပေါ်ရှိမြက်ပင်များနှင့် မည်သည့်စိမ်းလန်းသောအရာ၊ သို့မဟုတ် မည်သည့်သစ်ပင်ကိုမျှ ဘေးမသင့်စေဘဲ နဖူးပေါ်တွင် ဘုရားသခင်၏တံဆိပ်တော်မရှိသောသူတို့ကိုသာ ဘေးသင့်စေရန် သူတို့အားမှာထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မြေကြီးပေါ်ရှိ မြက်ပင်များမှစ၍ အခြားစိမ်းစိုသော အပင်ငယ်များ၊ သစ်ပင်များကို ဖျက်ဆီးခွင့်မရှိ။ မိမိတို့၏ နဖူးတွင် ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်မထားသော သူများကိုသာ ဖျက်ဆီးရန် အမိန့်ပေးခံရ၏။ |
ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။-
သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။
ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။