ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
ဗျာဒိတ် 9:16 - Common Language Bible မြင်းစီးသူရဲများ၏အရေအတွက်မှာကုဋေ နှစ်ဆယ်ရှိကြောင်းကိုငါကြားသိရ၏။- Garrad Bible လူ သုံး စု တစ် စု ကို လုပ် ကြံ ရန် လွတ် ရ ကြ၏။ အ ရေ အ တွက် ကို ငါ ကြား၍ ရူ ပါ ရုံ တွင် မျှော် မြင် သည့် အ တိုင်း မြင်း တပ် အ ရေ အ တွက် ကား ကု ဋေ နှစ် ဆယ် တည်း။ စီး နင်း သူ တို့ ကား မီး လျှံ၊ မီး ခိုး၊ ကန့် မီး ရောင် ရင် အုပ် များ ရှိ လျက် ခြင်္သေ့ ကဲ့ သို့ ဦး ခေါင်း ရှိ သော ထို မြင်း တို့ ခံ တွင်း မှ မီး လျှံ၊ မီး ခိုး၊ ကန့် မီး ထွက် သ တည်း။ Judson Bible မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ မြန်မာ့စံမီသမ္မာကျမ်း မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့တွင် မြင်းစီးသူရဲ သန်းနှစ်ရာရှိသည်ကို ကျွန်ုပ်ကြားသိရ၏။ |
ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
ထိုသူတို့သည်မရမ်းစေ့ရောင်ဆင်တူဝတ်စုံ များကိုဝတ်ဆင်သူစစ်သူရဲများ၊ မှူးမတ် များနှင့်အထက်တန်းအရာရှိများဖြစ် ကြ၏။ သူတို့အားလုံးပင်ရုပ်ရည်ချော၍ ပျိုရွယ်သောမြင်းတပ်ဗိုလ်များဖြစ်သတည်း။-
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
ထိုနောက်ငါကြည့်လိုက်သောအခါပလ္လင်တော် ပတ်လည်၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲများ၏ပတ်လည်၌လည်းကောင်း ရပ်လျက်နေသောကောင်းကင်တမန်များ၏ အသံကိုကြားရ၏။ ထိုကောင်းကင်တမန် များ၏အရေအတွက်မှာသိန်းသန်းကုဋေ မကအတိုင်းမသိများပြား၏။-
ထိုနောက်တံဆိပ်ခတ်နှိပ်ထားသူတို့၏အရေ အတွက်ကိုငါကြားသိရ၏။ ယင်းအရေ အတွက်မှာတစ်သိန်းလေးသောင်းလေးထောင် ရှိ၍ ဣသရေလတစ်ဆယ့်နှစ်နွယ်ဖြစ်ကြသော၊-