သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
ဗျာဒိတ် 6:16 - Common Language Bible ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။- Garrad Bible ထို တောင် ကျောက် များ အား ငါ တို့ အ ပေါ် သို့ ပြို လဲ၍ ပ လ္လင် တော့် ထက် စံ တော် မူ သော အ ရှင်၏ မျက် နှာ တော် မှ လည်း ကောင်း၊ သိုး ငယ် တော်၏ အ မျက် တော် ဒဏ် မှ လည်း ကောင်း ဖုံး ကွယ် ကြ ပါ။ Judson Bible ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။- မြန်မာ့စံမီသမ္မာကျမ်း တောင်များနှင့်ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ပြိုကျလျက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ငါတို့ကိုဖုံးကွယ်ကြပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် တောင်များနှင့် ကျောက်ဆောင်များအား “ကျွန်ုပ်တို့အပေါ် ပြိုကျပေး၍ ရာဇပလ္လင်တော်ပေါ်တွင်ထိုင်သောအရှင်၏ မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ကျွန်ုပ်တို့ကို ဖုံးကွယ်ကြပါ။ |
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
ထာဝရဘုရား၏အမျက်တော်၊ ကိုယ်တော် ၏တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့၏ အရှိန်အဝါမှကင်းလွတ်ကြစေရန် သူတို့ သည်ကျောက်တောင်လှိုဏ်ဂူများ၌သော်လည်း ကောင်း၊ မြေတွင်းတူး၍သော်လည်းကောင်းပုန်း အောင်းနေကြလိမ့်မည်။-
ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-
ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
ချက်ချင်းပင်ဝိညာဉ်တော်သည်ငါ့အပေါ်သို့ သက်ရောက်လာလေသည်။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင်ထိုင်နေ တော်မူသောအရှင်တစ်ပါးရှိသည်။-
ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
ပလ္လင်ပေါ်တွင်စံတော်မူ၍ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောအရှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းအသရေတော်တို့ကိုထိုသတ္တဝါ တို့ချီးကူးကြသည့်အခါတိုင်း၊-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-
ထိုငါးလအတွင်းလူတို့သည်သေမင်းကိုရှာ ကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ သေရန် တောင့်တကြသော်လည်းသေမင်းသည်သူတို့ အားတိမ်းရှောင်၍သွားလိမ့်မည်။