ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
ဗျာဒိတ် 22:16 - Common Language Bible ``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။ Garrad Bible ဤ အ ကြောင်း အ ရာ များ ကို အ သင်း တော် တို့ အ ဖို့ သက် သေ ခံ စေ ရန် ငါ့ စေ တ မန် ကို သင် တို့ ထံ ငါ ယေ ရှု လွှတ် လိုက်၏။ ငါ သည် ဒါ ဝိဒ် မင်း အ မြစ် အ ညွန့်၊ အ ဆက် အ နွယ်၊ ထွန်း တေက် သော မိုး သောက် ကြယ် ဖြစ် သည် ဟု ငါ့ အား မိန့် တော် မူ၏။ Judson Bible ငါယေရှုသည် အသင်းတော်တို့အဖို့ ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှာ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။” ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။ |
ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အညွှန့် အတက်'' ဟုနာမည်တွင်သူသည်မိမိရှိရာ အရပ်တွင်ကြီးပွားတိုးတက်လျက်ထာဝရ ဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရလိမ့်မည်။-
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
အကယ်၍ဒါဝိဒ်မင်းသည်မေရှိယကိုအရှင်ဟု ခေါ်ပါမူမေရှိယသည်အဘယ်သို့လျှင်ဒါဝိဒ်၏ သားမြေးဖြစ်နိုင်ပါသနည်း'' ဟုမေးတော်မူ၏။
ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။
တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။-
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ ``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
မတရားသောအမှုကိုပြုသောသူသည်ပြုမြဲ ပြုပါစေ။ ညစ်ညမ်းသူသည်ဆက်လက်၍ညစ်ညမ်း လျက်နေပါစေ။ ဖြောင့်မတ်သူသည်ဆက်လက်၍ ဖြောင့်မတ်ပါစေ။ မြင့်မြတ်သန့်ရှင်းသူသည်ဆက် လက်၍မြင့်မြတ်သန့်ရှင်းပါစေ'' ဟုငါ့အား ဆို၏။
ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သောနား ရှိသူတို့ကြားပါစေ။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့် တော်မူသောစကားများကိုကြားတတ် သောနားရှိသူတို့ကြားပါစေ။
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။